Local News

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပဲမျိုးစုံစျေးကွက်

Last Updated:

ယခုတစ်ပတ်ပဲမျိုးစုံစျေးကွက်

          မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များတွင် ပဲမျိုးစုံဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေရာ ကုလားပဲ အုပ်စုအနေဖြင့် ပြည်တွင်းသုံးစွဲမှုမြင့်မားလာကာ ပြည်ပပို့ကုန်သမားများ ဝယ်ယူနေခြင်း၊ ပြည်တွင်းပဲခွဲစက်များ အဝယ် လိုက်နေတာကြောင့်  စျေးဆက်လက်မြင့် တက်နေတာကို တွေ့ရပါတယ်။  ပို့ကုန်ပဲများကိုတော့ လှောင်လက် သမားများ အဝယ်ရှိနေတဲ့အတွက် ပြည်တွင်းသုံးပဲများလည်း စျေးကောင်းလျှက်ရှိတာကို တွေ့ရပါတယ်။

          ပဲတီစိမ်းစျေးကွက်မှာ အရောင်းအဝယ်သွက်နေပြီး ပို့ကုန်သမားများ အဝယ်များလာသဖြင့်  စျေးတက်လာကာ ယနေ့တွင်(၄၆၃ဝဝ)ကျပ်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  မတ်ပဲစျေးကတော့ စျေးကွက်ထဲမှာ ယနေ့တွင် (၄၈ဝဝဝ) ကျပ်စျေးဖြင့် စျေးအနည်းငယ်သာ ပြန်တက်နေပြီး ဆက်လက်၍ စျေးကောင်းရရှိနေတာပဲဖြစ်ပါတယ်။

          စားတော်ပဲစျေးကတော့ ပြည်တွင်းစားသုံးမှု များသောကြောင့် ပဲသီးနှံများတွင် စျေးအမြင့်ဆုံးရရှိတဲ့ ပဲသီးနှံ ဖြစ်တာကို တွေ့ရပါတယ်။ ယနေ့ပေါက်စျေးကတော့ (၉၅ဝဝဝ)ကျပ်စျေးဖြင့်  စျေးကွက်ထဲမှာ အရောင်းအဝယ်လည်း သွက်နေသလို စျေးနှုန်းမြင့်တက်လာကာ စျေးကောင်းလည်းရတဲ့သီးနှံဖြစ်တယ်လို့ သိရပါတယ်။

Category: Local News